ပုံနှိပ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားခြင်း
.စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ လမ်းညွှန်ချက်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များအသင်းနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ပုံနှိပ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် ကျင်းပမည် ဖြစ်ပါ၍ အောက်ပါ အစီအစဉ်အတိုင်း ကြွရောက် ချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နံနက် ၈:၃၀ မှ ၉:၀၀နာရီ -နံနက်စာဖြင့် ဧည့်ခံကျွေးမွေးခြင်း
နံနက်၉:၀၀ နာရီမှ ၁၀:နာရီ -အခမ်းအနားစတင်ခြင်း
အမှာစကားပြောကြားခြင်း
-
(က) ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(ခ) ပြည်ထောင်စုဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန
(ဂ) ဥက္ကဌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်
(ဃ) ဥက္ကဌ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း- တို့မှ မိန့်ခွန်းပြောကြားခြင်း
နံနက် – ၁၀ နာရီမှ ၁၁ နာရီ – အလုပ်ရုံဆွေးနွေးပွဲစတင်ခြင်း
၁။ ကျောင်းသုံးဗလာစာအုပ်များ ဈေးနှုန်းချိုသာစွာ ထုတ်လုပ်ဖြန့်ချီနိုင်ရေးဆွေးနွေးတင်ပြခြင်း
-
(က) အခွန်အကောက်ပေးဆောင်ရမှု အခြေအနေတင်ပြခြင်း
(ခ) ကုန်ထုတ် အရင်းအနှီးပံ့ပိုးရရှိနိုင်ရေးတင်ပြခြင်း
(ဂ) သွင်းကုန်လိုင်စင်ကန့်သတ်မှုများလျှော့ချရေးတင်ပြခြင်း၊
၂။နိုင်ငံတော်စီမံကိန်းလုပ်ငန်းများတွင် လိုအပ်သည့် ပုံနှိပ်နှင့် စပ်လျဉ်းသည့် ပုံနှိပ်လုပ်ငန်းများကို မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ နိုင်ငံအကျိုးစီးပွားအတွက် ပွင့်လင်းမြင်သာစွာ ပေါင်းစပ်အကောင်အထည်ဖော်လုပ်ကိုင်နိုင်ရေး
-
(က) နိုင်ငံတော် သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်သော ပုံနှိပ်လုပ်ငန်းများ လက်ခံဆောင်ရွက်ရေး၊
(ခ) ပညာရေးဌာန ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ၀န်ကြီးဌာနအလိုက် လိုအပ်သော ပုံနှိပ်လုပ်ငန်းများတွင် ဆောက်ရွက်ခွင့်ရရှိရေး၊
နေ့လည် ၁၂ နာရီမှ ၁နာရီ -နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခြင်း
နေ့လည် ၁ နာရီ မှာ ၂ နာရီ
၃။ ပုံနှိပ်လုပ်ငန်း အဆင့်အတန်းတိုးတက်မြင့်မားရေး
-
(က)လုပ်ငန်းကျွမ်းကျင်မှု နည်းပညာနှင့် ပုံနှိပ်သင်တန်းများ ပို့ချနိုင်ရေး၊
(ခ) အဆင့်မီ စက်ကိရိယာများ တင်သွင်းနိုင်ရေး
(ဂ) အခြားနိုင်ငံများ နည်းတူ ပုံနှိပ်မြို့တော် တည်ဆောင်နိုင်ရေး
နေ့လည် ၂ နာရီမှ ၃ နာရီ – မေးခွန်းမေးမြန်းခြင်း၊ ပြန်လည်ဖြေဆိုခြင်းနှင့် သုံးသပ်ချက်များ ချမှတ်ခြင်း။
နေ့လည် ၃ နာရီမှ ၃:၃၀နာရီ- လက်ဖက်ရည်ဖြင့် ဧည့်ခံခြင်း