Author Archive
မန်မာနိုင်ငံတွင် COVID-19 ကူးစက်မှုသည် ၂၅၀၀၀ ကျော်မြင့်လာပြီးကူးစက်နှုန်းသည်လဲထပ်မံမြင့် တက်လျှက်ရှိပါသည်။ ထို့အပြင် ရန်ကုန်ကုန်သွယ်မှုစင်တာ(YCC)သည်လည်း ယာယီ COVID-19 ကုသရေးစင်တာအဖြစ် ၂၀၂၀ခုနစ် ၊ အောက်တိုဘာလလယ်လောက် တွင်ပြောင်းလဲထားပါသည်။
COVID-19 အခြေအနေများကြောင့်မြန်မာအစိုးရ၏ခရီးသွားလာခွင့်ကိုကန့်သတ်ထားမှုများနှင့် ကြာရှည်စွာမရေရာမှုများကြောင့် တက်ရောက်သူအားလုံး၏ ဘေးကင်းလုံခြုံမှုရှိစေရန်ကျွန်ုပ်တို့က ခက်ခဲသော်လည်း လိုအပ်သောဆုံးဖြတ်ကိုချခဲ့ရပါသည်။ပြပွဲစီစဉ်သူ Yorkers Trade& Marketing Service Company Limited အနေဖြင့်မြန်မာ့နိုင်ငံတကာဆိုင်ရာ ပလတ်စတစ်၊ ရာဘာ၊ ပုံနှိပ်ခြင်း နှင့် ကုန်ထုတ်ပိုးမှု ဆိုင်ရာ စက်မှုပြပွဲကြီးနှင့် မြန်မာ့နိုင်ငံတကာဆိုင်ရာ စိုက်ပျိုးရေးနည်းပညာနှင့် စားသောက်ကုန်ဆိုင်ရာ စက်ပစ္စည်း ပြပွဲကြီးကို ၂၀၂၁ ခုနစ်၊ ဒီဇင်ဘာလ ၁၇ မှ ၂၀ ရက်နေ့သို့အချိန်ပြောင်းလဲသတ်မှတ်လိုက်ပါသည်။
Reference Link : https://www.chanchao.com.tw/webdm/2020/Myanmar/PPP/mm/2nd/
Myanmar Plas Print Pack Agrotek & Foodtek 2020 will return on
December 18-21!!
I believe you must be happy hearing this and can’t wait for the
show coming back.
Let’s review the highlights of last year together.
I notice that you want to know more about the shows. Here you go!
Date: 18.12.2020 – 21.12.2020
Time: 10:00 am – 17:30 pm
Venue: Yangon Convention Center (YCC)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ လမ်းညွှန်ချက်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များအသင်းနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ပုံနှိပ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် ကျင်းပမည် ဖြစ်ပါ၍ အောက်ပါ အစီအစဉ်အတိုင်း ကြွရောက် ချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နံနက် ၈:၃၀ မှ ၉:၀၀နာရီ -နံနက်စာဖြင့် ဧည့်ခံကျွေးမွေးခြင်း
နံနက်၉:၀၀ နာရီမှ ၁၀:နာရီ -အခမ်းအနားစတင်ခြင်း
အမှာစကားပြောကြားခြင်း
(က) ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(ခ) ပြည်ထောင်စုဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန
(ဂ) ဥက္ကဌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်
(ဃ) ဥက္ကဌ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း- တို့မှ မိန့်ခွန်းပြောကြားခြင်း
နံနက် – ၁၀ နာရီမှ ၁၁ နာရီ – အလုပ်ရုံဆွေးနွေးပွဲစတင်ခြင်း
၁။ ကျောင်းသုံးဗလာစာအုပ်များ ဈေးနှုန်းချိုသာစွာ ထုတ်လုပ်ဖြန့်ချီနိုင်ရေးဆွေးနွေးတင်ပြခြင်း
(က) အခွန်အကောက်ပေးဆောင်ရမှု အခြေအနေတင်ပြခြင်း
(ခ) ကုန်ထုတ် အရင်းအနှီးပံ့ပိုးရရှိနိုင်ရေးတင်ပြခြင်း
(ဂ) သွင်းကုန်လိုင်စင်ကန့်သတ်မှုများလျှော့ချရေးတင်ပြခြင်း၊
၂။နိုင်ငံတော်စီမံကိန်းလုပ်ငန်းများတွင် လိုအပ်သည့် ပုံနှိပ်နှင့် စပ်လျဉ်းသည့် ပုံနှိပ်လုပ်ငန်းများကို မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ နိုင်ငံအကျိုးစီးပွားအတွက် ပွင့်လင်းမြင်သာစွာ ပေါင်းစပ်အကောင်အထည်ဖော်လုပ်ကိုင်နိုင်ရေး
(က) နိုင်ငံတော် သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်သော ပုံနှိပ်လုပ်ငန်းများ လက်ခံဆောင်ရွက်ရေး၊
(ခ) ပညာရေးဌာန ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ၀န်ကြီးဌာနအလိုက် လိုအပ်သော ပုံနှိပ်လုပ်ငန်းများတွင် ဆောက်ရွက်ခွင့်ရရှိရေး၊
နေ့လည် ၁၂ နာရီမှ ၁နာရီ -နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခြင်း
နေ့လည် ၁ နာရီ မှာ ၂ နာရီ
၃။ ပုံနှိပ်လုပ်ငန်း အဆင့်အတန်းတိုးတက်မြင့်မားရေး
(က)လုပ်ငန်းကျွမ်းကျင်မှု နည်းပညာနှင့် ပုံနှိပ်သင်တန်းများ ပို့ချနိုင်ရေး၊
(ခ) အဆင့်မီ စက်ကိရိယာများ တင်သွင်းနိုင်ရေး
(ဂ) အခြားနိုင်ငံများ နည်းတူ ပုံနှိပ်မြို့တော် တည်ဆောင်နိုင်ရေး
နေ့လည် ၂ နာရီမှ ၃ နာရီ – မေးခွန်းမေးမြန်းခြင်း၊ ပြန်လည်ဖြေဆိုခြင်းနှင့် သုံးသပ်ချက်များ ချမှတ်ခြင်း။
နေ့လည် ၃ နာရီမှ ၃:၃၀နာရီ- လက်ဖက်ရည်ဖြင့် ဧည့်ခံခြင်း
၁။ ၂၈-၈-၂၀၁၂ ရက်နေ့တွင် မူဆယ်မြို့တွင် ကျင်းပပြုလုပ်သည့် မူဆယ်ကုန်သွယ်ရေးဇုန် စည်းကားဖွံ့ဖြိုးရေး၊ ကုန်မှုမြှင့်တင်ရေးနှင့် တရားမ၀င် ကုန်သွယ်မှု လျော့နည်းပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ကျောင်းသုံး စာရေးကိရိယာပစ္စည်းများ အခွန် ကင်းလွတ်ခွင့်ကိစ္စနှင့် ပတ်သက်၍ ပြည်တွင်း ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ပြည်ပမှ တင်သွင်းသည့် လုပ်ငန်းရှင်များပူးပေါင်းပြီး သက်ဆိုင်သည့် ဌာနဆိုင်ရာများ ပါဝင်သော ဆွေးနွေးပွဲ တစ်ရပ်ကို ဤအသင်းချုပ်တွင် ကျင်းပပြုလုပ် ဆွေးနွေးသွားရန်နှင့် ညှိနှိုင်းဆွေးနွေး ရရှိချက်အား ပြန်လည်တင်ပြန်ရန် ဆုံးဖြတ်ခဲ့ပါသဖြင့် အဆိုပါဆွေးနွေးပွဲ ကျင်းပပြုလုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေကို ပြန်လည်တင်ပြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသည်။
၂။ သို့ပါ၍ မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းသည် ကျောင်းသုံးစာရေးကိရိယာ ပစ္စည်းများ အခွန်ကင်းလွတ်ခွင့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ရေးကိစ္စနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက် ပေးနိုင်ပါရန်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေအား ဤအသင်းချုပ်သို့ ပြန်လည်တင်ပြပေးနိုင်ပါရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်။
၁။ မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များ အသင်းရုံး အစည်းအဝေးခန်းမ၌ ၂.၁၁.၂၀၁၂ ရက်နေ့ မွန်းလွဲ(၂:၀၀) တွင်ကျင်းပပြုလုပ်သော အမှတ်စဉ်(၁၂/၂၀၁၂) ဆုံးဖြတ်ချက်အရ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ပုံနှိပ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရန် သဘောတူဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။
၂။ ဆွေးနွေးမည့် အခြေခံ ခေါင်းစဉ်များမှာ –
၁။ကျောင်းသုံး ဗလာစာအုပ်များ ဈေးနှုန်းချိုသာစွာ ထုတ်လုပ်ဖြန့်ချီနိုင်ရေး ဆွေးနွေးတင်ပြခြင်း။
(က)အခွန်အကောက်ပေးဆောင်ရမှုအခြေအနေတင်ပြခြင်း
(ခ)ကုန်ထုပ်အရင်းအနှီး ပံ့ပိုးရရှိနိုင်ရေးတင်ပြခြင်း
(ဂ)သွင်းကုန်လိုင်စင်ကန့်သတ်မှုများလျော့ချရေးတင်ပြခြင်း
၂။နိုင်ငံတော်စီမံကိန်းလုပ်ငန်းရှင်များတွင် ပုံနှိပ်လုပ်ငန်းရှင်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေး။
(က) နိုင်ငံတော် သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်သော ပုံနှိပ်လုပ်ငန်းများ လက်ခံဆောင်ရွက်ရေး
(ခ) ပညာရေးဌာနကျောင်းသုံးဖတ်စာအုပ်များရိုက်နှိပ်ရေး
(ဂ)၀န်ကြီးဌာနအလိုက်လိုအပ်သောပုံနှိပ်လုပ်ငန်းများတွင်ဆောက်ရွက်ခွင့်ရရှိရေး
၃။ပုံနှိပ်လုပ်ငန်း အဆင့်အတန်းတိုးတက်မြင့်မားရေး။
(က)လုပ်ငန်းကျွမ်းကျင်မှုသင်တန်းများ ပို့ချနိုင်ရေး
(ခ) အဆင့်မီစက်ကိရိယာများတင်သွင်းနိုင်ရေး
(ဂ)အခြားနိုင်ငံများနည်းတူပုံနှိပ်မြို့တော်တည်ဆောက်နိုင်ရေး
၃။ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက်(၉)နာရီတွင်၊ပထမထပ်ရှိ၊ မင်္ဂလာခန်းမကြီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နိုင်ရန် တင်ပြပေးပို့အပ်ပါသည်။
Date: 3-16 March, 2013
Duration: 14 days
Fixed attendance: 40 persons
WEEK 1
Day 1
- Course Introduction
- Basic printing Quality & Standardization
- Paper manufacturing
- Ink & Paper
Day 2
- Color Separation > Halftone Screening > RIP > Film output
Day 3
- Color Management System
- CTP
Day 4
- Offset Process Color Printing
Day 5
- Practice Offset Make Ready
Day 6
Day 7
WEEK 2
Day 8
- Basic Web offset printing
- Roll to Roll Printing
Day 9
- Quick change over
- Set up basic coating
Day 10
Day 11
- On Demand Digital Printing
- Measuring Device Equipment in Printing Industry
Day 12
- Printing Standardization
- Discussion of this course from Participants
- Conclusion
- Certificate Ceremonies
- Farewell Party
Day 13
၁။ ILO, Employer Activities Branchမှ Mr.Gary Tynhart နှင့် Mr.Roy Chacko တို့သည် အသင်းချုပ်၏ စီမံခန့်ခွဲရေးကော်မတီ၊ ညီနောင်အသင်းများ၊ အလုပ်ရှင် အဖွဲအစည်းများမှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း အကြောင်းကြားလာပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်-
နေ့ရက် – ၂၀၁၂ခုနှစ် အောက်တိုဘာလ ၂၅ရက်
အချိန် – နံနက်(၂:၃၀)နာရီ
နေရာ – UMFCCI /ဒုတိယထပ်အစည်းအဝေးခန်းမ
၂။ သို့ပါ၍ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မပျက်မကွက် တက်ရောက်ပေးပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။
၁။၂၈-၈-၂-၁၂ ရက်နေ့တွင် မူဆယ်မြို့တွင် ကျင်းပပြုလုပ်သည့် မူဆယ်ကုန်သွယ်ရေးဇုန် စည်ကားဖွံ့ဖြိုးရေး၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် တရားမ၀င် ကုန်သွယ်မှု လျော့နည်းပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ကျောင်းသုံး စာရေးကိရိယာပစ္စည်းများ အခွန်ကင်းလွတ်ခွင့်ကိစ္စနှင့် ပတ်သက်ပြီး ပြည်တွင်းထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ပြည်ပမှ တင်သွင်းသည့် လုပ်ငန်းရှင်များ ပူးပေါင်းပြီး သက်ဆိုင်သည့် ဌာနဆိုင်ရာများ ပါဝင်သော ဆွေးနွေးပွဲတစ်ရပ်ကို အသင်းချုပ်တွင် ကျင်းပပြုလုပ် ဆွေးနွေးရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေကို ပြန်လည်တင်ပြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသည်။
၂။ သို့ပါ၍ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များ အသင်းသည် ကျောင်းသုံးစာရေးကိရိယာ ပစ္စည်းများ အခွန်ကင်းလွတ်ခွင့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ရေး ကိစ္စနှင့် ပတ်သက်၍ စီစဉ် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေအား အသင်းချုပ်သို့ ပြန်လည်တင်ပြပေးနိုင်ပါရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်။
၁။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် စင်္ကပူနိုင်ငံ၊ အရှေ့တောင်အာရှ လေ့လာရေး သုတေသနဌာနတို့ ပူးပေါင်း၍ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၆ရက်နေ့အတွင်း နေပြည်တော်ရှိ Myanmar International Convention Centre(MICC)တွင် ကျင်းပပြုလုပ်မည့် စီးပွားရေး အသွင်ကူးပြောင်းရေးဆိုင်ရာ ကွန်ဖရင့် (International Conference on Myanmar: Setting the Stage for Economic Transition) သို့ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ဦးဆောင်၍ ကိုယ်စားလှယ်များ တက်ရောက်ရန် ရည်ညွှန်းချက်ပါစာအရ ဖိတ်ကြားလာပါသည်။
၂။သို့ဖြစ်ပါ၍ အဆိုပါကွန်ဖရင့်သို့ တက်ရောက်နိုင်ပါရန် ညီနောင်အသင်းတစ်သင်းလျှင် ကိုယ်စားလှယ်(၅)ဦးနှင့် စက်မှုဇုန်တစ်ဇုန်လျှင် ကိုယ်စားလှယ်(၂)ဦးစီခန့် တက်ရောက်ပေးပါရန်နှင့် တက်ရောက်မည့် ကိုယ်စားလှယ် အမည်စာရင်းများကို (၂၃.၁၀.၂၀၁၂)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ပေးပါရန် အကြောင်းကြားအပ်ပါသည်။
၁။တရုတ်နိုင်ငံ၊ ပေကျင်းမြို့ New China International Exhibition Centreတွင် The 8th Beijing International Printing Technology Exhibitionကို ၂0၁၃ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ ၁၈ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှလည်း ပါဝင်ပြသရန် ဟောင်ကောင်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံးမှ ရည်ညွှန်းချက်ပါ စာဖြင့် ဖိတ်ကြားလာပါသည်။
၂။ အဆိုပါပြပွဲတွင် အပါအ၀င် ပုံနှိပ်လုပ်ငန်းနှင့် ဆက်စပ်နေသည့်အရာတို့ကို ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရှိရပါသည်။
၃။ သို့ဖြစ်ပါ၍ အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်ရန် စိတ်ပါဝင်စားသူများနှင့် ပုံနှိပ်ထုတ်ဝေသူ လုပ်ငန်းရှင်များ သိရှိနိုင်စေရန် ပေကျင်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးမှ ပေးပို့လာသောစာနှင့် ပါရှိသော စာစောင်မိတ္တူတို့ကို ထပ်ဆင်ပေးပို့ အကြောင်းကြားအပ်ပါသည်။