မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များ ထိုင်းနိုင်ငံ ပုံနှိပ်စက်နှင့် ပစ္စည်းပြပွဲသို့ သွားရောက်လေ့လာ
.ထိုင်းနိုင်ငံရှိ GASMA(Thai Graphic Arts Suppliers Manufactures Trade Association) ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း (Myanmar Printers & Publishers Association) MPPA ဥက္ကဌ ဒေါက်တာတင်ထွန်းဦး ဦးဆောင်သော အဖွဲ့ဝင် ၇၀ဦး ပါဝင်သည့် ပုံနှိပ်ထုတ်ဝေသူ လုပ်ငန်းရှင်များသည် GSMA PRINT 2012 ပုံနှိပ်စက်နှင့် ပုံနှိပ်ပစ္စည်းများပြပွဲသို့ တက်ရောက်ရန် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများလေ့လာရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ၁၈..၉.၂၀၁၂ မှ ၂၂.၉.၂၀၁၂ရက် အထိ သွားရောက်ခဲ့ကြသည် ၁၈-၉-၂၀၁၂ ရက်တွင် မြန်မာအဖွဲ့အားGSMA အဖွဲ့ဥက္ကဌ က ဘန်ကောက်မြို့ရှိ Sinsakhon Printing Cityတွင် ကြိုဆို၍ ယင်းပုံနှိပ်မြို့တော်အကြောင်း ရှင်းလင်းပြောကြားပြီး ပုံနှိပ်မြို့တော်အတွင်းရှိ ထိုင်းပုံနှိပ် အကယ်ဒမီ သင်တန်းကျောင်း၊ ပုံနှိပ်စက်နှင့် ပုံနှိပ်ပစ္စည်းများသို့ လှည့်လည်ကြည့်ရှုလေ့လာကြကာ ညပိုင်းတွင် GSMA အဖွဲ့ဥက္ကဌက မြန်မာအဖွဲ့အား ဂုဏပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
Sinsakhon Printing Cityသည် ကမ္ဘာပေါ်တွင်ပထမဆုံး တည်ထောင်သည့် ပုံနှိပ်မြို့တော်ဖြစ်၍ ယင်းမြို့တော်အတွင်း ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းမျိုးစုံ၏ အဆင့်ဆင့်ကို အ၀အဆုံးဆောင်ရွက်နိုင်ပြီး ယင်းတို့နှင့် ပတ်သက်သည့် ပစ္စည်းကိရိယာများကို ထုတ်လုပ်ရောင်းချပေးလျက် ရှိရုံသာမက ထိုစက်ရုံ၊ အလုပ်ရုံများမှ လုပ်သားများ အတွက် အိမ်ခန်းများနှင့် လိုအပ်ချက်များကို မြို့ငယ်တစ်မြို့ပမာ ပြည့်စုံစွာဖန်တီး တည်ထောင်ထားကြောင်း သိရသည်။
၁၉-၉-၂၀၁၂ နံနက်တွင် ဘန်ကောက်မြို့ရှိ BITEC(Bangkok International Trade & Exhibition Centre) ပြပွဲခန်းမကြီးတွင် ကျင်းပသည့် ပြပွဲကို နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး Mr.Youngyuth Wichaiditက တက်ရောက်ဖွင့်လှစ်ခဲ့သည်။ ယင်းပြပွဲ၌ ထိုင်းနိုင်ငံရှိ ကုမ္ပဏီပေါင်း (၅၀) ကျော်က ပြခန်း များပြသထား၍ မြန်မာနိုင်ငံ အပါအ၀င် အာဆီယံ နိုင်ငံများနှင့် ဂျပန်၊တရုတ်၊ တောင်ကိုရီးယားစသည့် နိုင်ငံများမှလည်း ကိုယ်စားလှယ်များ လာရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။ ပြပွဲနှင့် အတူ ပုံနှိပ်ထုတ်ဝေရေးဆိုင်ရာ ဟောပြောပွဲများ ဆွေးနွေးပွဲများလည်း ကျင်းပခဲ့ကြသည်။
မြန်မာအဖွဲ့သည် ၂၀-၉-၂၀၁၂ ရက်က ဘန်ကောက်မြို့ရှိ Contional Pakaging ကုမ္ပဏီလီမိတက်သို့ သွားရောက်လေ့လာခဲ့ကြပြီး ညပိုင်း၌ မြန်မာအဖွဲအား Soontorn Film ကုမ္ပဏီက ဘန်ကောက်မြို့ကျောက်ဖရားမြစ် အပျော်စီး သဘောင်္ပေါ်တွင်ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
၂၁-၉-၂၀၁၂ ရက်တွင် မြန်မာအဖွဲ့သည် ကမ္ဘာတတိယအကြီးဆုံး ပုံနှိပ်လုပ်ငန်းကြီးဖြစ်သည့် Siriwatana Interprint အများပိုင် ကုမ္ပဏီလီမိတက်သို့ သွားရောက်လေ့လာခဲ့ကြ၍ ညနေပိုင်း၌ ပြပွဲ၌ ကြည့်ရှုလေ့လာခဲ့ကြပြီး ၂၂ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိသည်။